ပုဒ်မ ၄၈
နိုင်ငံတော်အခြေခံမူများ
နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် လည်းကောင်း လိုက်နာရမည့်လမ်းညွှန်များဖြစ်သည်။