ပုဒ်မ ၃၅၈
ပုဒ်မ ၃၅၈
ပုဒ်မ ၃၅၅ အရ ဆောင်ရွက်သော အမှုများတွင် ရာဇဝတ်တရားသူကြီး၏ သဘောအရ ဆောင်ရွက်နိုင်ခြင်း

ပုဒ်မ ၃၅၅ တွင် ဖော်ပြထားသော အမှုအမျိုးအစားများတွင် ရာဇဝတ်တရား သူကြီးသည် မိမိသင့်သည် ထင်မြင်လျှင် သက်သေတစ်ဦးဦး၏ သက်သေခံချက်ကို ပုဒ်မ ၃၅၆ တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ရေးမှတ်နိုင်သည်။