(၁) မည်သည့်တရားရုံးကမျှ -
(က) ရာဇသတ်ကြီးပုဒ်မ ၁၇၂ မှ ၁၈၈ အထိ ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှု တစ်စုံတစ်ရာ သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်း၏ သို့မဟုတ် ၎င်း၏အထက် ပြည်သူ့ဝန်ထမ်း၏ စာဖြင့် ရေးသား တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်း မပြုရ သို့မဟုတ်
ဖြောင့်မှန်စွာ တရားစီရင်ရေးကို ထိပါးသည့် အချို့သော ပြစ်မှုများအတွက် တရားစွဲဆိုခြင်း
(ခ) ရာဇသတ်ကြီးပုဒ်မ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၉၊ ၂ဝဝ၊ ၂ဝ၅၊ ၂၀၆၊ ၂၀၇၊၂၀၈၊ ၂၀ ၂၁ဝ၊ ၂၁၁ နှင့် ၂၂၈ တို့အရ ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို၊ တရားရုံးတစ်ရုံးကဆောင်ရွက်သည့် မှုခင်းတစ်စုံတစ်ရာတွင် သို့မဟုတ် ထိုမှုခင်းနှင့် စပ်လျဉ်း၍ ကျူးလွန်သည်ဟု စွပ်စွဲချက်ရှိသော အခါ အဆိုပါ တရားရုံး၏ သို့ မဟုတ် အဆိုပါတရားရုံး၏ အထက် တရားရုံး၏ စာဖြင့် ရေးသားတိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူ ဆောင်ရွက်ခြင်းမပြုရ သို့ မဟုတ်
သက်သေခံအဖြစ် တင်ပြသည့် စာတမ်းအမှတ်အသားများနှင့် စပ်လျဉ်း၍ ကျူးလွန်သည့်ပြစ်မှု အချို့အတွက် ရာဇဝတ်မှု စွဲဆိုခြင်း
(ဂ) ရာဇသတ်ကြီးပုဒ်မ ၄၆၃ တွင်ဖော်ပြသော သို့မဟုတ် ပုဒ်မ ၄၇၁၊ ပုဒ်မ ၄၇၅၊ ပုဒ်မ ၄၇၆ အရ ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို တရားရုံးတစ်ရုံးတွင် အမှုဆိုင်နေရသည့် အမှုသည်တစ်ဦးဦးက အဆိုပါ အမှုတွင် တင်ပြသော သို့ မဟုတ် သက်သေခံချက်ပေးသော စာတမ်းအမှတ်အသားတစ်ခုနှင့်စပ်လျဉ်း၍ ကျူးလွန် ခဲ့သည်ဟု စွပ်စွဲသည့်အခါ အဆိုပါ တရားရုံးက သို့မဟုတ် ယင်းတရားရုံး၏ အထက် တရားရုံးက စာဖြင့်ရေးသား တိုင်တန်းချက် အရ မဟုတ်လျှင် အရေးယူ ဆောင်ရွက် ခြင်း မပြုရ။
(၂) ပုဒ်မခွဲ (၁) ၏ ပုဒ်မခွဲငယ် (ခ) နှင့် (ဂ) တို့မှ “တရားရုံး” ဆိုသည့် စကားရပ်တွင် တရားမတရားရုံး၊ အခွန်ရုံး သို့မဟုတ် ရာဇဝတ်တရားရုံးတို့ ပါဝင်သည်။ သို့ရာတွင် မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင်အရာရှိ သို့မဟုတ် လက်ထောက် မှတ်ပုံတင် အရာရှိတို့ ပါဝင်ခြင်းမရှိ။
(၃) ဤပုဒ်မပါကိစ္စများအလို့ငှာ တရားရုံးတစ်ရုံးသည် မိမိချမှတ်ခဲ့သည့် ဒီကရီများ သို့မဟုတ် ပြစ်ဒဏ် စီရင်ချက်များမှာ သာမန်အားဖြင့် အယူခံတက်ရောက်နိုင်သော တရားရုံး၏ လက်အောက်ခံ ဖြစ်သည်ဟူ၍ လည်းကောင်း သို့မဟုတ် မိမိချမှတ် ခဲ့သည့် ဒီကရီများမှာ သာမန် အားဖြင့် အယူခံတက်ရောက်ခွင့်မရှိသော တရားမ တရားရုံး တစ်ရုံးအတွက်မှာမူ အဆိုပါ တရားမ တရားရုံး တည်ရှိရာ စီရင်ပိုင်ခွင့် အာဏာနယ်မြေအတွင်း သာမန် မူလတရားမ စီရင်ပိုင်ခွင့် အာဏာရှိသော အကြီး အကဲ တရားရုံး၏ လက်အောက်ခံတရားရုံး ဖြစ်သည်ဟူ၍ လည်းကောင်း မှတ်ယူ ရမည်။
သို့ရာတွင် -
(က) အယူခံတက်ရောက်နိုင်သည့် တရားရုံးမှာ တစ်ရုံးထက်ပိုလျှင် မူလတရားရုံး သည် ယင်းအယူခံတရားရုံးများအနက် အနိမ့်ဆုံးစီရင်ပိုင်ခွင့် အာဏာရှိသည့် အယူခံတရားရုံး၏ လက်အောက်ခံ ဖြစ်သည်ဟု မှတ်ယူရမည်။ ၎င်းအပြင်
(ခ) တရားမတရားရုံးနှင့် အခွန်ရုံးကိုပါ အယူခံတက်ရောက်နိုင်သည့် ကိစ္စတွင် မူလ တရားရုံး သည် ကျူးလွန်ခဲ့ကြောင်း စွပ်စွဲသည့်ပြစ်မှု၏ သဘာဝအရ ဖြစ်စေ၊ ယင်းပြစ်မှုနှင့် ဆက်စပ်သော အမှုဆောင်ရွက်ချက်အရဖြစ်စေ ယင်းအယူခံ တရားမတရားရုံး သို့မဟုတ် အခွန်အယူခံရုံး၏ လက်အောက်ခံ ဖြစ်သည်ဟု မှတ်ယူရမည်။
(၄) ပုဒ်မခွဲ(၁)၏ ပြဋ္ဌာန်းချက်များသည် ၎င်းပုဒ်မခွဲတွင် ဖော်ပြပါရှိသော ပြစ်မှုများနှင့် စပ်လျဉ်း၍ အဆိုပါပြစ်မှုများကို ကျူးလွန်ရန် ပြစ်မှုမကင်းသော ပူးပေါင်းကြံစည်မှုများ၊ အဆိုပါ ပြစ်မှုများကို အားပေးကူညီမှုများနှင့် ထိုပြစ်မှုများကို ကျူးလွန်ရန် အားထုတ်မှု များနှင့်လည်း သက်ဆိုင်သည်။
(၅) ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က) အရ ပြည်သူ့ဝန်ထမ်းတစ်ဦးက တိုင်တန်းသည့်အမှုတွင် အဆိုပါ ပြည်သူ့ဝန်ထမ်း၏ အထက်အာဏာပိုင်တစ်ဦးဦးက ယင်းတိုင်တန်းချက်ကို ပြန်လည် ရုပ်သိမ်းရန် အမိန့်ပေးနိုင်သည်။ ယင်းကဲ့သို့ အမိန့်ပေးလျှင် အဆိုပါအမိန့်၏ မိတ္တူတစ်စောင်ကို တရားရုံးသို့ ပေးပို့ရမည်။ တရားရုံးက ထိုအမိန့် မိတ္တူကို ရရှိသောအခါ တိုင်တန်းချက်ကို ဆက်လက် မဆောင်ရွက်ရ။