ဂျူရီလူကြီးများနှင့်ဖြစ်စေ၊ အကဲဖြတ်ပုဂ္ဂိုလ်များနှင့်ဖြစ်စေ စစ်ဆေးသောအမှုများတွင်တရားသူ ကြီးက သင့်တော်သည်ဟုယူဆ၍ ၎င်းကိုယ်တိုင်မေးမြန်းမည်ဖြစ်သော မေးခွန်းများကို ဂျူရီ သို့မဟုတ် အကဲဖြတ်ပုဂ္ဂိုလ်များသည် တရားသူကြီးမှတစ်ဆင့်သော်လည်းကောင်း၊ တရားသူကြီး၏ခွင့်ပြုချက်ဖြင့် သော်လည်းကောင်း သက်သေများအားမေးမြန်းနိုင်သည်။