ပုဒ်မ ၅၄၀
ပုဒ်မ ၅၄၀
အရေးပါသော သက်သေအား သမ္မန်စာဖြင့် ဆင့်ခေါ်ရန်၊ သို့မဟုတ် ရောက်ရှိနေသူအား စစ်မေးရန် အာဏာ

မည်သည့် တရားရုံးကမဆို ဤဥပဒေအရ စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမှုခင်းကိစ္စဆောင်ရွက်မှုပြုလုပ်သည့် မည်သည့်အဆင့်၌မဆို တစ်ဦးတစ်ယောက်ကို သက်သေအဖြစ်လာရောက်စေရန် သမ္မန်စာဖြင့် ဆင့်ခေါ်နိုင်သည်၊ သို့မဟုတ် သက်သေအဖြစ် လာရောက်စေရန် သမ္ဗန်စာဖြင့် မဆင့်ခေါ်ဘဲရုံးတွင် ရောက်ရှိနေသူတစ်ဦးအား စစ်မေးနိုင်သည်၊ သို့မဟုတ် စစ်ဆေးပြီးသူ မည်သူကိုမဆို ပြန်ခေါ်ပြီး ထပ်မံစစ်မေးနိုင်သည်။ ထို့ပြင် တစ်ဦးတစ်ယောက်၏ သက်သေခံချက်မှာ အမှုကို တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်ရန်အတွက် မရှိမဖြစ်ဟု တရားရုံးက ယူဆလျှင် ထိုသူကို သမ္မန်စာဖြင့် ဆင့်ခေါ်ပြီး ထပ်မံစစ်ပေးရမည်၊ သို့မဟုတ် ပြန်ခေါ်ပြီး ထပ်မံစစ်မေးရမည်။