ပုဒ်မ ၁၂
ပုဒ်မ ၁၂
ပြည်ထောင်စုရှေ့နေချုပ်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုရှေ့နေချုပ်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပြည်ထောင်စုအစိုးရအဖွဲ့ဝင်၏ တာဝန်များကို ထမ်းဆောင်ခြင်း၊

(ခ) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ် တော် အစည်းအဝေးတွင်ဖြစ်စေ ဥပဒေရေးရာနှင့်စပ်လျဉ်း၍ ထူးခြားသော အခြေအနေကိုအခါအားလျော် စွာ တင်ပြခြင်း၊

(ဂ) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌကဖြစ်စေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုခု၊ ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုခု သို့မဟုတ် နေပြည်တော်ကောင်စီကဖြစ်စေ ဥပဒေအကြံဉာဏ် တောင်းခံပါက ဥပဒေအကြံဉာဏ် ပေးခြင်း၊

(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီရင်ပိုင်ခွင့်ရှိသော မူလမှု၊ အယူခံမှု၊ ပြင်ဆင်မှုနှင့် အထူးအ ယူခံမှုများတွင် နိုင်ငံတော်နှင့်သက်ဆိုင်သော အမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဘက်မှ လိုက်ပါဆောင် ရွက်ခြင်း၊

(င) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်များ ထုတ်ဆင့်ပေးရန် လျှောက်ထားမှုများ တွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်း၊

(စ) ပြစ်မှုဆိုင်ရာအမှုများကို တရားရုံးသို့ ဥပဒေနှင့်အညီ တရားစွဲဆိုတင်ပို့ခြင်း၊

(ဆ) ပြစ်မှုဆိုင်ရာအမှုများတွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်း၊

(ဇ) နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ပါဝင်သော တရားမမူလမှု၊ တရားမအယူခံမှု၊ တရားမပြင်ဆင်မှုနှင့် တရားမအထူးအယူခံမှုများတွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်း၊

(ဈ) ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုတင်ပို့ခြင်းမပြုမီ သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းက ဥပဒေအကြံဉာဏ်တောင်းခံပါက ဥပဒေအကြံဉာဏ်ပေးခြင်း၊

(ည) နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သော တရားမမှုများတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ဥပဒေအကြံဉာဏ်တောင်းခံပါက ဥပဒေအကြံဉာဏ်ပေးခြင်း၊

(ဋ) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက စီမံခန့်ခွဲသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကနဦးရေးဆွဲပေးပို့သည့် ဥပဒေမူကြမ်းများအပေါ် အကြံပြုချက်တောင်းခံခြင်းနှင့်စပ်လျဉ်း၍ စိစစ်အကြံပြုခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြင်ဆင်ခြင်း၊

(ဌ) နိုင်ငံသားများ၏ ဥပဒေကြောင်းဆိုင်ရာ တင်ပြစာများအပေါ် စိစစ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ လိုအပ်ပါက အကြံပြုခြင်း၊

(ဍ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့် သက်ဆိုင်ခြင်းမရှိသည့် စီးပွားရေးစာချုပ်စာတမ်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေရေးရာဆွေးနွေးမှုပြုခြင်း၊

(ဎ) တရားစွဲဆိုတင်ပို့ခြင်းမပြုမီ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် အထွေထွေဥပဒေအကြံဉာဏ်ပေးခြင်းများကို သက်ဆိုင်ရာဥပဒေရုံးက သတ်မှတ်ချက်များနှင့်အညီ အချိန်မီပေးပို့တင်ပြစေရေး၊ ဥပဒေနှင့်အညီ ပြင်ဆင်စေရေးအတွက် ဥပဒေရုံးအဆင့်ဆင့်ကို ကြီးကြပ်ခြင်း၊

(ဏ) အယူခံမှု၊ ပြင်ဆင်မှု၊ အထွေထွေလျှောက်ထားမှုနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ဥပဒေရုံးအဆင့်ဆင့်ကို ကြီးကြပ်ခြင်း၊

(တ) ဥပဒေရေးရာအသိပညာပြန့်ပွားရေးဆောင်ရွက်ခြင်းနှင့် ဥပဒေဆိုင်ရာသုတေသနပြုခြင်း၊

(ထ) ဥပဒေအရာရှိများ၏ စွမ်းဆောင်ရည်တိုးတက်စေရန် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် အသုံးချမှုကို စနစ်တကျဆောင်ရွက်စေရေးအတွက် လမ်းညွှန်ကြီးကြပ်ခြင်း၊

(ဒ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တစ်ခုခုက ချမှတ်သော စီရင်ချက်၊ အမိန့် သို့ မဟုတ် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့်သက်ဆိုင်သောအမှုများတွင် အယူခံမှု သို့မဟုတ် ပြင် ဆင်မှုတင်သွင်းရန် လိုအပ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လိုအပ်သလို အယူခံမှု သို့မဟုတ် ပြင်ဆင်မှုတင်သွင်းခြင်း၊

(ဓ) ဥပဒေများကို ဘာသာပြန်ဆိုခြင်း၊

(န) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအား ဥပဒေအကြံဉာဏ်ပေးခြင်း၊

(ပ) နားလည်မှုစာချွန်လွှာများ၊ သဘောတူညီချက်မှတ်တမ်းများ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင် ရာ စာချုပ်စာတမ်းများ၊ အခြားစာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ အား ဥပဒေအကြံဉာဏ်ပေးခြင်း၊

(ဖ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်တစ်ဦးဦးက ဥပဒေပြဿနာနှင့်စပ်လျဉ်း၍ ဥပဒေအ ကြံဉာဏ် တောင်းခံလျှင် ဥပဒေအကြံဉာဏ်ပေးခြင်း၊

(ဗ) ဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအား လမ်းညွှန်ခြင်းနှင့်ကြီး ကြပ်ကွပ်ကဲခြင်း၊

(ဘ) ဝန်ကြီးဌာနနှင့်စပ်လျဉ်း သည့်ဥပဒေကြမ်းများကို သတ်မှတ်သည့် နည်းလမ်းများ နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခြင်း၊

(မ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ တည်ဆဲဥပဒေနှင့် နည်းဥပဒေများအရဖြစ် စေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များနှင့် ညွှန်ကြားချက် များအရဖြစ်စေ သတ်မှတ်ထားသော အခြား တာဝန်များကိုထမ်းဆောင်ခြင်း၊

(ယ) ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ပေးအပ်သော အခြားလုပ်ငန်း တာ ဝန်များကို ဆောင်ရွက်ခြင်း။