ဖမ်းဝရမ်းအတည်ပြုသူ ရဲအရာရှိ သို့မဟုတ် အခြားသူသည် (အာမခံနှင့်စပ်လျဉ်း၍ ပုဒ်မ ၇၆ ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ) မိမိဖမ်းဆီးခဲ့သူကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ သက်ဆိုင် ရာ တရားရုံးရှေ့သို့ ခေါ်ဆောင်သွားရမည်။