မည်သူမဆို ရန်စခြင်းဖြင့် ရုန်းရင်းဆန်ခတ်မှုကို ကျူးလွန်ရန် ကြံရွယ်၍သော်လည်းကောင်း၊ ထိုသို့ ရန်စခြင်းဖြင့် ထိုပြစ်မှုကို ကျူးလွန်တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ဘေးသင့်စေလိုသော သဘောဖြင့်ဖြစ်စေ၊ ရမ်းကားလိုသော သဘောဖြင့်ဖြစ်စေ ဥပဒေနှင့်မညီသော အရာတစ်ခုကို ပြုခြင်းအားဖြင့် သူတစ်ဦးဦးကို ရန်စလျှင် ထိုသို့ရန်စခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုကို ကျူးလွန်ခဲ့သော် ထိုသူကို တစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
မကျူးလွန်ခဲ့သော်
ထို့ပြင်အကယ်၍ ရုန်းရင်းဆန်ခတ်မှုကို မကျူးလွန်ခဲ့သော် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။