ပုုဒ်မ ၇၄
ပုုဒ်မ ၇၄
ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်များကို အဆုံးအဖြတ်ပေးခြင်း

(က) ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ခုခုကိုမကျေနပ်သည့် လျှောက် ထားသူ သို့မဟုတ် လျှောက်ထားခံရသူအဖြစ် ပါဝင်ခဲ့သူသည် သတ်မှတ်ထားသည့်ကာလအတွင်း သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းကော်မရှင်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ ပြင်ဆင်မှုလျှောက်ထားရာတွင် ဥပဒေရေးရာ ပြဿနာပေါ်ပေါက်မှသာ လျှောက်ထားခွင့်ရှိသည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားရန် သတ်မှတ်ထားသည့် ကာလအတွင်း ကော်မရှင်သို့ လျှောက် ထားမှုမရှိလျှင် ကော်မရှင်သည် ရွေးကောက်ပွဲခုံအဖွဲ့ သို့မဟုတ် ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ် ချက်များကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။