ပုဒ်မ ၆၆
ပုဒ်မ ၆၆
တရားလိုအတွက် ဝယ်သည်ဟူသော အကြောင်းကြောင့် ဝယ်ယူသူအပေါ် တရားမမှု မစွဲနိုင်ခြင်း

(၁) သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း တရားရုံးက မှန်ကန်ကြောင်း တာဝန်ခံလက်မှတ်ရေးထိုးထားသော ဝယ်ယူမှုအရ (purchase certified by the Court) ပိုင်ဆိုင်ခွင့် တောင်းဆိုသူတစ်ဦးဦးအပေါ် တရားလိုအတွက်ဖြစ်စေ၊ တရားလိုထံမှတစ်ဆင့် အခွင့်အရေးဆက်ခံသူတစ်ဦးအတွက်ဖြစ်စေ ဝယ်ယူခြင်းဖြစ်သည်ဟူသော အကြောင်းပြ ချက်ဖြင့် တရားစွဲဆိုပိုင်ခွင့် မရှိစေရ။

(၂) သို့ရာတွင် အထက်ပါအတိုင်း တာဝန်ခံလက်မှတ်ရရှိသော ဝယ်ယူသူတစ်ဦး၏ အမည်ကို လိမ်လည်လှည့်ဖြား၍ဖြစ်စေ (fraudulently)၊ အမှန်တကယ် ဝယ်ယူသူ၏ သဘောတူချက်မရှိဘဲဖြစ်စေ ရေးသွင်းထားကြောင်း မြွက်ဟကြေညာပေးစေလိုမှု (suit to obtain a declaration) စွဲဆိုခြင်းကိုလည်းကောင်း၊ တာဝန်ခံလက်မှတ် ရရှိသော ဝယ်ယူသူအား ရောင်းချထားဟန် ရှိသော်လည်း အမှန်တကယ် ပိုင်ဆိုင်သူအပေါ် တောင်းဆိုပိုင်ခွင့်ရှိသည့် အခြားသူတစ်ဦး၏ ရပိုင်ခွင့် (right of a third person) အရ အဆိုပါ ပစ္စည်းအပေါ် တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်ခွင့်ကိုလည်းကောင်း ဤပုဒ်မပါ ပြဋ္ဌာန်းချက်များက ပိတ်ပင်ခြင်း သို့မဟုတ် စွက်ဖက်ခြင်း မရှိစေရ