ပုဒ်မ ၃၇၈
ပုဒ်မ ၃၇၈
သဘောထားအယူအဆ ကွဲလွဲသည့်အခါ လိုက်နာရန်ကျင့်ထုံး

ဆိုခဲ့သည့် အမှုတစ်စုံတစ်ရာကို တရားသူကြီးများ ခုံအဖွဲ့တစ်ခုရှေ့တွင် စစ်ဆေး ကြားနာ၍ အဆိုပါ တရားသူကြီးများမှာ သဘောထားအယူအဆ နှစ်ဘက်ဦးရေ အညီအမျှ ကွဲလွဲကြသည့်အခါ ၎င်းအမှုအပေါ် ၎င်းတရားသူကြီးတို့၏ သဘောထားအယူအဆများနှင့်အတူ အမှုတွဲကို အခြားတရားသူကြီးတစ်ဦးရှေ့သို့ တင်ပြစေရမည်။ ၎င်းအမှုကို လက်ခံရရှိသည့် တရား သူကြီးက မိမိသင့်သည် ထင်မြင်သည့်အတိုင်း ကြားနာပြီးနောက် ၎င်း၏ သဘောထား အယူအဆကို မေးရမည်။ ထို့နောက် အဆိုပါသဘောထားအယူအဆကို လိုက်နာလျှက် စီရင်ချက်၊ သို့မဟုတ် အမိန့် ချမှတ်ရမည်။