ပုဒ်မ ၅၄၄
ပုဒ်မ ၅၄၄
တိုင်းတန်သူများနှင့် သက်သေများအတွက် စရိတ်စကများ

နိုင်ငံတော်သမ္မတကပြုသည့် နည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ မည်သည့် ပြစ်မှုဆိုင်ရာတရားရုံးကမဆို သင့်သည်ထင်မြင်လျှင် ထိုတရားရုံးရှေ့တွင် ဤဥပဒေအရ အမှုတစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြား မှုခင်းကိစ္စဆောင်ရွက်ရန် ကိစ္စများအလို့ငှာ လာရောက်သည့် မည်သည့် တိုင်တန်းသူအားဖြစ်စေ၊ သက်သေအားဖြစ်စေ သင့်လျော်သည့် စရိတ်စကများကို အစိုးရက ထုတ်ပေးရန် အမိန့်ချမှတ်နိုင်သည်။