ပုဒ်မ ၄၀၈
ပုဒ်မ ၄၀၈
မြို့နယ်တရားရုံး၏ စီရင်ချက်ကို အယူခံဝင်ခြင်း

မြို့နယ်တရားရုံး သို့မဟုတ် တွဲဖက်မြို့နယ်တရားရုံး သို့မဟုတ် ဒုတိယမြို့နယ်တရားသူကြီးက စစ်ဆေးစီရင်၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူ တစ်ဦးဦးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးသို့ဖြစ်စေ၊ ခရိုင်တရားရုံးသို့ဖြစ်စေ အယူခံဝင်နိုင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)