(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အစည်းအဝေး တက်ရောက်နေသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကိုဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦး ကိုဖြစ်စေ၊ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းသောကော်မတီ သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေးတက်ရောက်နေသည့် ယင်းကော်မတီ သို့မဟုတ် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရန် လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို သက်ဆိုင်ရာကော်မတီ သို့မဟုတ် အဖွဲ့၏ အကြီးအမှူးမှ တစ်ဆင့် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ ထိုလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ ဖမ်းဆီးခြင်း မပြုရ၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး သို့မဟုတ် လွှတ်တော်က ဖွဲ့စည်း သည့်ကော်မတီ သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ဖမ်းဆီးပါက ထိုသို့ဖမ်းဆီးခြင်းနှင့် စပ်လျဉ်း သည့် ခိုင်လုံသော အထောက်အထားကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ ဆောလျင်စွာတင်ပြရမည်။