ပုဒ်မ ၄၃၉
ပုဒ်မ ၄၃၉
တရားလွှတ်တော်၏ ပြင်ဆင်မှုအာဏာများ

(၁) စစ်ဆေးစီရင်သည့် အမှုတွဲကို တောင်းခေါ်သောအမှုတွင်ဖြစ်စေ၊ အခြားနည်းဖြင့် သိရှိရသော အမှုတွင်ဖြစ်စေ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး သို့မဟုတ် ခရိုင်တရားသူကြီးသည် သည် ပုဒ်မ ၄၂ ၃၊၄၂ ၆၊ ၄၂ ၇ နှင့် ၄၂ ဂ တို့အရ အယူခံရုံးအား အပ်နှင်းထားသည့် အာဏာ တစ်ရပ်ရပ်ကိုဖြစ်စေ၊ ပုဒ်မ ၃၃၈ အရ တရားရုံးအား အပ်နှင်းထားသော အာဏာကိုဖြစ်စေ မိမိသဘောအတိုင်း သုံးစွဲခွင့် ရှိသည့်အပြင် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်သည်။ ပြင်ဆင်တရားရုံးတွင်ပါဝင်သော တရားသူကြီးတို့သည် အညီအမျှ သဘောထားကွဲလွှဲလျှင် ပုဒ်မ ၄၂၉ တွင် ပြဋ္ဌာန်းပါရှိသည့် နည်းလမ်းအတိုင်း အမှုကို စီရင်ဆုံးဖြတ်ရမည်။

(၂) တရားခံကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ ထုချေခွင့်မရလျှင် ၎င်းတရားခံအား ထိခိုက်အောင် ဤပုဒ်မအရ မည်သည့်အမိန့်ကိုမျှ ချမှတ်ခြင်းမပြုရ။

(၃) ဤပုဒ်မအရ ချမှတ်သည့် ပြစ်ဒဏ်ကို ပုဒ်မ ၃၄ အမှတစ်ပါး အခြား နည်းဖြင့် ဆောင်ရွက်သည့် ရာဇဝတ်တရားသူကြီးက ချမှတ်ခဲ့လျှင် ယင်းတရားရုံးသည် တရားခံကျုးလွန်ခဲ့သည် ဟု မိမိထင်မြင်သောပြစ်မှုအတွက် ပထမတန်း အာဏာရ ရာဇဝတ်တရားကြီးက ယင်းပြစ်မှုအတွက် ချမှတ်နိုင်သည့် ပြစ်ဒဏ်ထက် ပိုမိုကြီးလေးသောပြစ်ဒဏ်ကို တရားခံအပေါ် မချမှတ်ရ။

(၄) ဤပုဒ်မပါ မည်သည့်အချက်ကမျှ ပုဒ်မ ၂၇၃ အရ ထည့်သွင်းရေးမှတ်သည့် အချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ၊ သို့မဟုတ်၍ ပုဒ်မပါ မည်သည့်အချက်ကမျှ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး သို့မဟုတ် ခရိုင်တရားသူကြီးသည်အား အမှုမှ အပြီးအပြတ် လွှတ်သော ကောက်ယူဆုံးဖြတ်ချက်ကို ပြစ်မှုထင်ရှားစီရင်သော ကောက်ယူချက်အဖြစ်သို့ ပြောင်းလဲရန် အခွင့်အာဏာပေးအပ်သည်ဟု မမှတ်ယူရ။

(၅) ဤဥပဒေအရ အယူခံဝင်ခွင့်ရှိပါလျက် အယူမခံသည့်အချက်တွင် အယူခံ ဝင်နိုင်သူက ပြင်ဆင်မှုအဖြစ်တင်သွင်းလာသည့် မှုခင်းကိစ္စများကို စဉ်းစားနိုင်ရန်လက်မခံရ။

(၆) ဤပုဒ်မတွင် မည်သို့ပင်ပါရှိစေကာမူ မိမိအပေါ် ပြစ်ဒဏ်ကို မတိုးမြှင့်သင့် ကြောင်း ပုဒ်မခွဲ (၂ ) အရ ထုချေခွင့်ရှိသည့် အပြစ်ကျတစ်ဦးဦးသည် ယင်းသို့ထုချေရာ၌ မိမိအား ပြစ်မှုထင်ရှားစီရင်ခြင်း မပြုထိုက်ကြောင်း အကြောင်းပြခွင့်လည်းရှိစေရမည်။