ပုဒ်မ ၇၆
ပုဒ်မ ၇၆
အာမခံယူထားရန် တရားရုံးက ညွှန်ကြားနိုင်ခြင်း

(၁) လူတစ်ဦးတစ်ယောက်ကို ဖမ်းဆီးရန် ဝရမ်းထုတ်ဆင့်သည့် မည်သည့်တရားရုံးက မဆို ထိုသူသည် တရားရုံးသို့ သီးခြားဖော်ပြထားသော အချိန်နှင့်တရားရုံးက အခြားနည်း မညွှန်ကြား သမျှ နောက်ပိုင်းအချိန်များတွင် လာရောက်ရန်အတွက် လုံလောက်သော အာမခံသူများနှင့် ခံဝန်ချုပ် ဆိုမည်ဆိုပါက ဖမ်းဝရမ်းအရ ဆောင်ရွက်ရမည့် အရာရှိအနေဖြင့် ထိုအာမခံ လျှောက်လွှာကို လက်ခံ ၍ ထိုသူကို အချုပ်မှ လွှတ်ပေးရမည်ဟု ဝရမ်းပေါ်တွင် ထပ်ဆင့်ရေးသား၍ လက်မှတ် ရေးထိုးလျက် မိမိသဘောအတိုင်း ညွှန်ကြားနိုင်သည်။

(၂) ထပ်ဆင့်ရေးသား၍ လက်မှတ်ရေးထိုးချက်တွင် -

(က) အာမခံသူအရေအတွက်၊

(ခ) အာမခံသူတို့နှင့် ဖမ်းဝရမ်း ထုတ်ဆင့်ခံရသူ အသီးသီးတို့ ချုပ်ဆိုရမည့် အာမခံငွေပေါင်း၊ နှင့်

(ဂ) ဖမ်းဝရမ်းထုတ်ဆင့်ခံရသူ တရားရုံးသို့ လာရောက်ရမည့်အချိန်တို့ကို ဖော်ပြရမည်။

ခံဝန်ချုပ်ကို ပေးပို့ရခြင်း

(၃) ဤပုဒ်မအရအာမခံပေးသည့်အခါ ဖမ်းဝရမ်းအရ ဆောင်ရွက်ရမည့် အရာရှိသည် ခံဝန်ချုပ် ကို တရားရုံးသို့ ပေးပို့ရမည်။