မည်သူမဆို ပြစ်ဒဏ်ကို သို့မဟုတ် ပြစ်ဒဏ်ချမှတ်ရန် အခြားနည်းလမ်းကို ဥပဒေဖြင့် အတိအလင်း ပြဋ္ဌာန်းထားသည်မှအပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၃၄၈၊ ၃၄၉၊ ၃၅၀၊ ၃၅၁၊ ၃၅၂၊ ၃၅၃၊ ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇၊ ၃၅၈၊ ၃၅၉၊ ၃၆၀၊ ၃၆၈၊ ၃၆၉၊ ၃၇၀၊ ၃၇၁၊ ၃၇၂၊ ၃၇၆၊ ၃၈၀နှင့် ၃၈၁ တို့၌ဖြစ်စေ၊ တည်ဆဲဥပဒေများ၌ဖြစ်စေ ပါရှိသော ပြဋ္ဌာန်းချက်က တားမြစ်ထားသော ပြုလုပ်မှု တစ်ခုခုကို တမင်ပြုလုပ်ခြင်းဖြင့်သော်လည်းကောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်အရ ပြုလုပ်ရန် လိုအပ်သောပြုလုပ်မှုတစ်ခုခုကို တမင်ချန်လှပ်ခြင်းဖြင့်သော်လည်း ကောင်း အဆိုပါပြဋ္ဌာန်းချက်ကို ထိုက်သင့်သော ခွင့်လွှတ်ချက်မရှိဘဲ ဆန့်ကျင်ခြင်းပြုလျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။