ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များအား မိမိတို့ တိုင်း သို့မဟုတ် ဒေသအတွက် ဇယား ၃ တွင်ဖော်ပြထားသော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့် အာဏာများကို ခွဲဝေအပ်နှင်းသည်။