ပုဒ်မ ၁၂၀-ခ
ပုဒ်မ ၁၂၀-ခ
ရာဇဝတ်မကင်းသောပူးပေါင်းကြံစည်မှု၏ပြစ်ဒဏ်

(၁) မည်သူမဆို သေဒဏ်သော်လည်းကောင်း၊ ( * * * )၊ နှစ်နှစ် သို့မဟုတ် နှစ်နှစ်ထက်ပိုသော အလုပ်ကြမ်းနှင့်ထောင်ဒဏ်သော်လည်းကောင်း ထိုက်သင့်သော ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှုတွင် ပါဝင်သူဖြစ်လျှင် ဤရာဇသတ်ကြီးအရ ထိုပူးပေါင်း ကြံစည်မှုအတွက် ပြစ်ဒဏ်အတိအလင်း ပြဋ္ဌာန်းထားခြင်း မရှိပါက အဆိုပါ သက်ဆိုင်ရာ ပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီသကဲ့သို့ ထိုသူအား ပြစ်ဒဏ်ချမှတ်ရမည်။

(၂) မည်သူမဆို ဆိုခဲ့သည့် ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှုအတွက် ပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှုမှတစ်ပါး အခြားပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုကိုကျူးလွန်ရန် ရာဇဝတ်မကင်းသော ပူးပေါင်း ကြံစည်မှုတွင် ပါဝင်သူဖြစ်လျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ကျင့်ထုံး