ပုဒ်မ ၁၂၄
ပုဒ်မ ၁၂၄
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့် စပ်လျဉ်း၍ ထိမ်ချန်ခြင်း

၁၂၄။ မည်သူမဆို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးဖြစ်စေမည့် ပြုလုပ်မှုတစ်ခုခုကို သူတစ်ဦးက ပြုရန်ကြံရွယ်ကြောင်းကို သို့မဟုတ် ပြုရန်ကမ်းလှမ်းကြောင်းကို သို့မဟုတ် ပြုဆဲဖြစ်ကြောင်းကို သို့မဟုတ် ပြုပြီးဖြစ်ကြောင်းကို သိလျက်နှင့် မိမိသိသမျှအချက်အလက်များ အားလုံးကို တရားသူကြီး တစ်ဦးထံတွင်ဖြစ်စေ၊ ရဲအရာရှိ တစ်ဦးဦးထံတွင်ဖြစ်စေ၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းရန်တာဝန်ကို တရားဝင်ဆောင်ရွက်နေသော အခြားသူတစ်ဦးဦးထံတွင်ဖြစ်စေ ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် ထိုသူသည် နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီး ထိမ်ချန်မှုကို ကျူးလွန်သည်။ ထိုသို့ကျူးလွန်သော ပြစ်မှုအတွက် ထိုသူအား ခုနစ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။



ကျင့်ထုံး
  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်ရုံးက စစ်ဆေးနိုင်သည် (ယခု ပြည်နယ်/တိုင်းဒေသကြီး/မြိုနယ်တရားရုံးများက စစ်ဆေးနိုင်သည်။