ပုဒ်မ ၃၇
ပုဒ်မ ၃၇
တရားသူကြီးများသို့ ထပ်ဆင့်အပ်နှင်းနိုင်သည့် အာဏာများ

မည်သည့် နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ မည်သည့် ပထမတန်း၊ ဒုတိယတန်း သို့မဟုတ် တတိယတန်း အာဏာရ တရားသူကြီးကိုမဆို ယင်းတို့ရရှိသည့် သာမန်အာဏာများအပြင် ယင်းတို့ အား နိုင်ငံတော် သမ္မတကဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ အပ်နှင်းနိုင်သည့် အာဏာ များဟူ၍ စတုတ္ထဇယားတွင် သီးခြားဖော်ပြထားသည့် အာဏာများကို နိုင်ငံတော်သမ္မတကဖြစ်စေ၊ ခရိုင်ရာဇဝတ် တရားသူကြီးကဖြစ်စေ သက်ဆိုင်ရာက အပ်နှင်းနိုင်သည်။