ပုဒ်မ ၃၅
ပုဒ်မ ၃၅
တရားစရိတ်

(၁) သတ်မှတ်ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ တရားမမှုများနှင့် ပတ်သက်သည့် တရားစရိတ်များမှာ တရားရုံး၏ သဘောအတိုင်း(discretion of the Court)  ဖြစ်စေရမည် ။ ယင်းတရားစရိတ် များကို မည်သူက သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်မျှအထိ ပေးရမည်ကို ဆုံးဖြတ်ရန်နှင့် အထက်တွင် ဆိုခဲ့သည့်ကိစ္စများအတွက် လိုအပ်သည်များကို ညွှန်ကြားရန် တရားရုံးတွင် အာဏာအပြည့်အဝ ရှိစေရ မည်။ တရားရုံးက ယင်းအမှုကို စစ်ဆေးစီရင်ပိုင်ခွင့် အာဏာ မရှိခြင်းကြောင့် အဆိုပါ အာဏာများ ကျင့်သုံးခြင်းကို ပိတ်ပင်ခြင်း မဖြစ်စေရ။

(၂) တရားရုံးသည် အမှုနှင့် လျော်ညီစွာ တရားစရိတ် ခွင့်မပြုလျှင် အကျိုးအကြောင်းကို စာဖြင့်ရေးသား ဖော်ပြရမည်။

(၃) တရားရုံးသည် တရားစရိတ်ငွေအပေါ်တွင် တစ်နှစ်လျှင် ခြောက်ရာခိုင်နှုန်းထက် မပိုသော နှုန်းထားဖြင့် အတိုးခွင့်ပြုနိုင်သည်။ ယင်းအတိုးကို တရားစရိတ်တွင် ပေါင်း၍ တရားစရိတ်ကဲ့သို့ တောင်းခံရယူနိုင်စေရမည်။