ပုဒ်မ ၅၁၄-က
ပုဒ်မ ၅၁၄-က
အာမခံသူသည် လူမွဲအဖြစ် ခံယူသွားလျှင်၊ သို့မဟုတ် သေဆုံးလျှင် ခံဝန်ချုပ်ကို သိမ်းယူလျှင် လိုက်နာရန် ကျင့်ထုံး

ဤကျင့်ထုံးဥပဒေအရ ခံဝန်ချုပ်တစ်ခုပါ အာမခံသူ မည်သူမဆို လူမွဲအဖြစ်ခံယူ သွားသောအခါ၊ သို့မဟုတ် သေဆုံးသောအခါ၊ သို့မဟုတ် ပုဒ်မ ၅၁၄ ပါပြဋ္ဌာန်းချက်များအရ ခံဝန်ချုပ်တစ်စုံတစ်ရာကို သိမ်းယူသည့်အခါ အဆိုပါခံဝန်ချုပ်ကိုရယူရန် အမိန့်ထုတ်ဆင့်သည့် တရားရုံး၊ သို့မဟုတ် ပထမဘန်းအာဏာရ ရာဇဝတ်တရားသူကြီးတစ်ဦးသည် အဆိုပါ အာမခံတောင်းဆိုခြင်းခံရသူကို မူလအမိန့်ပါညွှန်ကြားချက်များနှင့်အညီ အာမခံအသစ်ပေးသွင်း ရန်အမိန့်ချမှတ်နိုင်သည်။ ထို့ပြင် အဆိုပါအာမခံကို မပေးသွင်းလျှင် အဆိုပါတရားရုံး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးသည် ဆိုခဲ့သည့်မူလအမိန့်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်မှုတစ်ရပ်ရှိဘို သကဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်သည်။