ပုဒ်မ ၃၀
ပုဒ်မ ၃၀
အဖိုးတန်စာတမ်းအမှတ်အသား

“အဖိုးတန်စာတမ်းအမှတ်အသား” ဆိုသည်မှာ တရားဝင်အခွင့်အရေးကို ပြုလုပ်သော၊ ချဲ့ထွင်သော၊ လွှဲပြောင်းသော၊ ကန့်သတ်သော၊ ဖျက်သိမ်းသော သို့မဟုတ် စွန့်လွှတ်သော စာတမ်းအမှတ်အသားကို ဖြစ်စေ၊ ထိုသို့ သက်ရောက်သော စာတမ်းအမှတ်အသားကိုဖြစ်စေ၊ တစ်ဦးဦးက ဥပဒေအရ တာဝန်ရှိကြောင်းကိုသော်လည်းကောင်း၊ တရားဝင်အခွင့်အရေးမရှိကြောင်းကို သော်လည်းကောင်း ဝန်ခံသော စာတမ်းအမှတ်အသားကိုဖြစ်စေ ဆိုလိုသည်။

ဥပမာ

A သည် ငွေလွှဲလက်မှတ်ကျောဘက်တွင် မိမိအမည်ကို ရေးသားရာ ထိုထပ်ဆင့် လက်မှတ်ရေးထိုးချက် သည် ထိုငွေလွှဲလက်မှတ်ပိုင်ခွင့်ကို ဥပဒေနှင့်အညီ လက်မှတ်လက်ရှိဖြစ်သူအား လွှဲပြောင်းသော သဘောသက်ရောက်သောကြောင့် ထိုထပ်ဆင့်လက်မှတ်ရေးထိုးချက်သည် “အဖိုးတန်စာတမ်းအမှတ် အသား” ဖြစ်သည်။



ကျင့်ထုံး