တိုင်းပြည်တစ်ခု၏ အစိုးရအမိန့်အရ ပုံနှိပ်ထုတ်ဝေပြီး တိုင်းပြည်၏ တရားဥပဒေများပါရှိသည် ဆိုသောစာအုပ်ဟူသမျှကိုလည်းကောင်း၊ အဆိုပါတိုင်းပြည်ရှိ တရားရုံးများ၏ စီရင်ထုံးများပါရှိသည်ဆို သော စာအုပ်ဟူသမျှကို လည်းကောင်းစစ်မှန်သည်ဟု တရားရုံးကမှတ်ယူရမည်။