ပုဒ်မ ၁၂၅
ပုဒ်မ ၁၂၅
ငြိမ်ဝပ်စွာနေထိုင်ရန်နှင့် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန်အတွက် ချုပ်ဆိုသည့်ခံဝန်ချုပ်ကို ဖျက်သိမ်းနိုင်သည့် ခရိုင်ရာဇဝတ်တရားသူကြီး၏အာဏာ

ခရိုင်ရာဇဝတ်တရားသူကြီးသည် မိမိခရိုင်အတွင်း မိမိရုံးထက် အဆင့်မမြင့်သော ရုံးတစ်ရုံးက ဤအခန်း အရ အမိန့်ဖြင့် အတည်ပြုထားသော ငြိမ်ဝပ်စွာနေထိုင်ရန် ခံဝန်ချုပ်ကိုဖြစ်စေ၊ ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် ခံဝန်ချုပ်ကိုဖြစ်စေ၊ လုံလောက်သည့်အကြောင်းရှိလျှင် ထိုအကြောင်းကို စာဖြင့်ရေးမှတ်၍ အချိန်မရွေး ဖျက်သိမ်းနိုင်သည်။