အယူခံတရားရုံးတွင် ပါဝင်ကြသည့် တရားသူကြီးတို့ နှစ်ဖက်ဦးရေအညီအမျှ သဘောကွဲလွဲချက်များရှိကြလျှင် ၎င်းအမှုကို ၎င်းတို့၏ထင်မြင်ချက်နှင့်တကွ ၎င်းတရားရုံးဆိုင်ရာ အခြားတရားသူကြီးထံ တင်သွင်းစေရမည်။ ထို့ပြင် အဆိုပါတရားသူကြီးကလည်း သင့်သည် ထင်မြင်သည့်အတိုင်း ကြားနာပြီးလျှင် ၎င်း၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားရမည်။ ထို့ပြင် စီရင်ချက်၊ သို့မဟုတ် အမိန့်ကိုလည်း အဆိုပါထင်မြင်ချက်နှင့်အညီ ချမှတ်ပေးရမည်။