ပုုဒ်မ ၇၂
ပုုဒ်မ ၇၂
ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်များကို အဆုံးအဖြတ်ပေးခြင်း

(က) ရွေးကောက်ပွဲခုံအဖွဲ့သည် ကန့်ကွက်ချက်များကို စစ်ဆေးပြီးသောအခါ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူကို ဖြစ်စေ၊ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်၍ မိမိ ကိုသာ ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကြေညာထိုက်ကြောင်း လျှောက်ထားသူကိုဖြစ်စေ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဖြစ်သည် မဖြစ်သည်ကို ကော်မရှင် သို့ အစီရင်ခံရမည်။

(ခ) ရွေးကောက်ပွဲခုံအဖွဲ့ဝင်အားလုံးသည် မိမိတို့၏ ဆုံးဖြတ်ချက်ပါရှိသော အစီရင်ခံစာကို လက်မှတ် ရေးထိုး၍ ကော်မရှင်သို့ ဆောလျင်စွာ တင်သွင်းရမည်။