ပုဒ်မ ၁၃၅
တပ်မတော်သားကို စစ်ပြေးမှုကျူးလွန်စေရန် အားပေးကူညီခြင်း
မည်သူမဆို တပ်မတော်တွင် အမှုထမ်းရွက်သော တပ်မတော်သားတစ်ဦးဦးက (* * *) စစ်ပြေးမှုကျူးလွန်ခြင်းကို အားပေးကူညီလျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ရဲအရေးပိုင်သည်
- ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- မည်သည့် တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
Related Law