ပုဒ်မ ၃၅၀
ပုဒ်မ ၃၅၀
ရာဇဝတ်တရားသူကြီး တစ်ဦးက တစ်ပိုင်းတစ်စနှင့် အခြားတရားသူကြီးတစ်ဦးက တစ်ပိုင်းတစ်စ ရေးမှတ်သည့် သက်သေခံချက်အရ ပြစ်မှုထင်ရှား စီရင်ခြင်း၊ သို့မဟုတ် လွှဲအပ်တင်ပို့ခြင်

(၁) တရားသူကြီးတစ်ဦးသည် စုံစမ်းစစ်ဆေးမှု တစ်ရပ်တွင် ဖြစ်စေ၊ စစ်ဆေးစီရင်မှုတစ်ရပ်တွင်ဖြစ်စေ ကြားနာ၍ သက်သေခံချက်အားလုံးကိုဖြစ်စေ၊ အချို့ အဝက်ကို ဖြစ်စေ ရေးမှတ်ပြီးနောက် ထိုအမှုတွင် စစ်ဆေးစီရင်ပိုင်ခွင့်အာဏာသုံးစွဲရန် အဆုံးသတ်သွား၍ ယင်းအမှုအတွက် စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိသူ အခြား ရာဇဝတ်တရားသူကြီးတစ်ဦးက ဆက်ခံသည့်အခါ ထိုဆက်ခံသော ရာဇဝတ်တရားသူကြီးသည် မိမိဆက်ခံသည့် ရာဇဝတ်တရားသူကြီး ရေးမှတ်ခဲ့သည့် သက်သေခံချက်များအရဖြစ်စေ၊ ၎င်းရာဇဝတ်တရားသူကြီးက တစ်ပိုင်း တစ်စ၊ မိမိက တစ်ပိုင်းတစ်စ ရေးမှတ်သည့် သက်သေခံချက်များအရဖြစ်စေ ဆောင်ရွက်နိုင်သည်၊ သို့မဟုတ် သက်သေများကို ပြန်လည်ဆင့်ခေါ်၍ စုံစမ်းစစ်ဆေးမှုကိုဖြစ်စေ၊ စစ်ဆေး စီရင်မှုကိုဖြစ်စေ အစမှ ပြန်လည်၍ စစ်ဆေးစီရင်နိုင်သည်။ သို့ရာတွင် -

(က) မည်သည့်စစ်ဆေးစီရင်မှုတွင်မဆို ဒုတိယရာဇဝတ်တရားသူကြီးက မှုခင်းကိစ္စများ ဆောင်ရွက်ခြင်း အစပြုသည့်အခါ တရားခံသည် သက်သေအားလုံးကိုဖြစ်စေ၊ ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကို ဖြစ်စေ ပြန်လည်ဆင့်ခေါ်၍ ပြန်လည်ကြားနာပေးရန် တောင်းဆို နိုင်သည်၊

( ခ ) တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်သည်၊ သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီး၏ လက်အာက်ရှိ ရာဇဝတ်တရားသူကြီးများက စစ်ဆေးစီရင်သော အမှုများ၌ ခရိုင်ရာဇဝတ်ဘရားသူကြီးသည် အယူခံမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြစ်မှုထင်ရှားစီရင်သည့် ရာဇဝတ်တရားသူကြီးက အစမှ အဆုံး ရေးမှတ်ခဲ့သည်မဟုတ်သော သက်သေခံချက်အရ ပြစ်မှုထင်ရှား စီရင်ခြင်းကြောင့် တရားခံအား အဓိကအားဖြင့် ထိခိုက်စေသည်ဟု ယူဆလျှင် ယင်းပြစ်မှု ထင်ရှား စီရင်ခြင်းကို ပယ်ဖျက်၍ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှုကို အသစ်ထပ်မံ ပြုလုပ်ရန် အမိန့်ချမှတ်နိုင်သည်။

(၂) ပုဒ်မ ၃၄၆ အရ မှူခင်းကိစ္စဆောင်ရွက်ခြင်းများကို ဆိုင်းငံ့ထားသည့် အမှုများ၊ သို့မဟုတ် ပုဒ်မ ၃၄၉ အရ အထက်ရာဇဝတ်တရားသူကြီးတစ်ဦးထံသို့ တင်ပို့သည့် အမှုများနှင့် ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ မသက်ဆိုင်စေရ။

(၃) ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အမှုတစ်ခုကို ရာဇဝတ်တရား သူကြီးတစ်ဦးထံမှ အခြားရာဇဝဘ်တရားသူကြီးတစ်ဦးထံသို့ လွှဲပြောင်းပေးသည့်အခါ ယခင် ရာဇဝတ်တရားသူကြီး၏ စီ ရင် ပိုင် ခွင့် အာဏာ သုံး စွဲ ခြင်း သည် ရပ်စဲသွား၍ ပုဒ်မခွဲ(၁)၏ အဓိပ္ပာယ်အရ နောက်ရာဇဝတ်တရားသူကြီးက ဆက်ခံသည်ဟု မှတ်ယူရမည်။