ပုဒ်မ ၂၄ အရ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးက စိစစ်သည့်အချိန်တွင်-
(က) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူသည် မိမိ တင်ပြလိုသော အထောက်အထားများကို တင်ပြခွင့်ရှိသည်။
(ခ) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူသည် ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း သို့မဟုတ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်း များနှင့် ပြည့်စုံခြင်းမရှိကြောင်းကို ထိုကိုယ်စားလှယ်လောင်း ရွေးကောက်ခံမည့် မဲဆန္ဒနယ်မှ ယှဉ်ပြိုင် ရွေးကောက်ခံသည့် ကိုယ်စားလှယ်လောင်းတစ်ဦးဦးက လုံလောက်သော အထောက်အထားများ တင်ပြ ၍ သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်နိုင်သည်။