တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကြီးကြပ်မှုအောက်၌ အောက်ပါအတိုင်း တရားရုံးအဆင့်ဆင့်ရှိသည်
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမရှိလျှင်
(၁) ခရိုင်တရားရုံးများ၊
(၂) မြို့နယ်တရားရုံးများ။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိလျှင်
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌
(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊
(ခခ) မြို့နယ်တရားရုံးများ။
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌
(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊
(ခခ) မြို့နယ်တရားရုံးများ။
(၃) ကျန်ဒေသများ၌
(ကက) ခရိုင်တရားရုံးများ၊
(ခခ) မြို့နယ်တရားရုံးများ။
(ဂ) ပြည်ထောင်စုနယ်မြေ၌
(၁) ခရိုင်တရားရုံးများ၊
(၂) မြို့နယ်တရားရုံးများ။
(ဃ) ဥပဒေအရတည်ထောင်ထားသော အခြားတရားရုံးများ။