အမှုသည်တစ်ဦးက ဆန့်ကျင်ဘက်အမှုသည်ထံ အကြောင်းကြားစာပေးပို့၍ စာရွက်စာတမ်းတစ်စောင်ကို တင်ပြရန်တောင်းဆိုသဖြင့် ထိုဆန့်ကျင်ဘက်အမှုသည်က တင်ပြသောထိုစာရွက်စာတမ်းကို ထိုသို့ တောင်းဆိုသည့် အမှုသည်က ကြည့်ရှုစစ်ဆေးပြီးသည့်အခါ ထိုသို့ကြည့်ရှုစစ်ဆေးသော အမှုသည် သည် စာရွက်စာတမ်းတင်ပြသူကတောင်းဆိုလျှင် ထိုစာရွက်စာတမ်းကိုသက်သေခံအဖြစ်တင်သွင်းရန် တာဝန်ရှိသည်။