(၁) စက်ရှင်တရားရုံးသည် သင့်တော်သည့် အကြောင်းကြောင့် ဂျူရီလူကြီး တစ်ဦးတစ်ယောက်ကို မည်သည့် စစ်ဆေးစီရင်မှု တစ်ခုအတွက်မဆို တက်ရောက်ခြင်းမှ ခွင့်လွှတ် နိုင်သည်။
တစ်ဆယ့်နှစ်လအတွင်း ဂျူရီလူကြီးအဖြစ် ဆောင်ရွက်ရန် တာဝန်မှ ကင်းလွတ်စေရန် အထူးဂျူရီ လူကြီးတို့ကို တရားရုံးက ခွင့်ပြုနိုင်ခြင်း။
(၂) အထူးဂျရီဖြင့် စစ်ဆေးစီရင်သည့် အမှုတစ်စုံတစ်ရာ ဆုံးခန်းတိုင်ရောက် သည့်အခါ စက်ရှင်တရားရုံးက သင့်သည်ထင်မြင်လျှင် အဆိုပါဂျရီတွင် တာဝန်ထမ်းဆောင်သည့် ဂျူရီလူကြီးများကို တစ်ဆယ့်နှစ်လအတွင်း ဂျူရီလူကြီးများအဖြစ် တာဝန်ထမ်းဆောင်ရန် ထပ်မံ၍ မဆင့်ခေါ်ရ။