နိုင်ငံတော်သမ္မတသည် အရေးပေါ်အခြေအနေကြေညာ၍ ပုဒ်မ ၄၁၀ နှင့် ၄၁၁ အရ အရေးယူ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပုဒ်မ ၄၁၂ နှင့် ၄၁၃ အရ အရေးယူဆောင်ရွက်ချက်များကို လည်းကောင်း ပုဒ်မ ၂၁၂ (ခ) ၊ (ဂ) နှင့် (င) တို့နှင့်အညီ ဆောင်ရွက်ရမည်။