ပုဒ်မ ၁၂၅
ပုဒ်မ ၁၂၅
နိုင်ငံတော်နှင့် မဟာမိတ်ဖြစ်သော အာရှတိုက်နိုင်ငံတစ်ခုခုကို စစ်မက်ပြိုင်ဆိုင်ခြင်း

မည်သူမဆို နိုင်ငံတော်နှင့် မဟာမိတ်ဖြစ်သော သို့မဟုတ် ငြိမ်းချမ်းလျက်ရှိသော အာရှတိုက်နိုင်ငံတစ်ခုခုကို စစ်မက်ပြိုင်ဆိုင်လျှင် သို့မဟုတ် စစ်မက်ပြိုင်ဆိုင်ရန် အားထုတ်လျှင် သို့မဟုတ် စစ်မက်ပြိုင်ဆိုင်ရန် အားပေးကူညီလျှင် ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး


  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံးက စစ်ဆေးနိုင်သည်။