မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံကိုဖြစ်စေ၊ ပြည်ထောင်စုအတွင်းရှိ နယ်မြေ တစ်ခုခုကိုဖြစ်စေ စစ်မက်ပြိုင်ဆိုင်လျှင်၊ သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံကိုဖြစ်စေ၊ ပြည်ထောင်စုအတွင်းရှိ နယ်မြေ တစ်ခုခုကိုဖြစ်စေ စစ်မက်ပြိုင်ဆိုင်ရန် အခြားနိုင်ငံတစ်ခုခုကိုသော်လည်းကောင်း၊ လူတစ်ဦးဦးကိုသော် လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေကူညီလျှင် သို့မဟုတ် ထိုသို့ စစ်မက်ပြိုင်ဆိုင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေ လူတစ်ဦးဦးကို လှုံ့ဆော်လျှင် သို့မဟုတ် လူတစ်ဦးဦးနှင့် ပူးပေါင်းကြံစည်လျှင် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့အစည်းကိုသော်လည်းကောင်း၊ ပြည်ထောင်စု အတွင်းရှိ နယ်မြေတစ်ခုခု၏ အဖွဲ့အစည်းကိုသော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင် သော နည်းလမ်းဖြင့်ဖြစ်စေ၊ အခြားသောနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ပြောင်းလဲရန် ပြင်ဆင်လျှင်၊ အားထုတ်လျှင် သို့မဟုတ် လက်နက်ဖြင့်ဖြစ်စေ၊ အခြားသောင်းကျန်းသော နည်းလမ်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန်အားထုတ်လျှင် သို့မဟုတ် ဖြိုဖျက်ရန် အခြားနည်းဖြင့် ပြင်ဆင်လျှင်၊ သို့မဟုတ် ထိုသို့ အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်လျှင်၊ သို့မဟုတ် ထိုသို့ အားထုတ်မှုနှင့် ပတ်သက်လျှင်၊ သို့မဟုတ် ထိုသို့ အားထုတ်မှုကိုပြုရန်ဖြစ်စေ၊ ထိုသို့ အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်စေ၊ ထိုသို့အားထုတ်မှုနှင့် ပတ်သက်ရန်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌သော်လည်းကောင်း၊ အပ၌သော်လည်းကောင်း လူတစ်ဦးဦးကိုလှုံ့ဆော်လျှင်၊ သို့မဟုတ် လူတစ်ဦးဦးနှင့် ပူးပေါင်းကြံစည်လျှင် ထိုသူသည် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးကို ကျူးလွန်သည်။