ပုဒ်မ ၁၀၃
ပုဒ်မ ၁၀၃
ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းခြင်း
(က) ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတ သို့မဟုတ် ယင်းကတာဝန်ပေးအပ် သည့်ပုဂ္ဂိုလ်သည် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် သို့တင်ပြရမည်၊ (ခ) ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင်ပါရှိသော- (၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊ (၂) ပြည်ထောင်စုက ပေးဆပ်ရန်တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွှယ်သော ကုန်ကျစရိတ်များ၊ ပြည်ထောင်စုက ချေးယူငွေများနှင့်ဆက်နွှယ်သော အခြားကုန်ကျစရိတ်များ၊ (၃) တရားရုံး သို့မဟုတ် ခုံရုံး တစ်ရုံးရုံး၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊ (၄) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုခုအရ ဖြစ်စေကျခံရမည့် အခြား အသုံးစရိတ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ။ (ဂ) ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များမှအပ အခြားအသုံးစရိတ်များ အတွက်ကိုမူ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့် အညီ ဆောင်ရွက်ရမည်၊ (ဃ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါအတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရမည်၊ (င) ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု ၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါလျာထားသောရငွေများနှင့် ခွင့်ပြုထားသော သုံးငွေများအပြင် နောက်ထပ်ရငွေများ လျာထားရန်နှင့် သုံးငွေများခွင့်ပြုရန် လိုအပ်သည့်အခါ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို အထက်ပါ နည်းလမ်းများအတိုင်း ပြဋ္ဌာန်းဆောင်ရွက်ရမည်၊ (စ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေပါအတိုင်း ပြည်ထောင်စု အစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရမည်။
ပြစ်ဒဏ်
-