ပုဒ်မ ၇၉
ပုဒ်မ ၇၉
စာတမ်းအမှတ်အသားများနှင့် စပ်လျဉ်း၍ အမှန်ကဲ့သို့မှတ်ယူခြင်း

တာဝန်ခံမိတ္တူများအစစ်အမှန်ဟုမှတ်ယူခြင်း

သက်သေခံလက်မှတ်သော်လည်းကောင်း၊ တာဝန်ခံမိတ္တူသော်လည်းကောင်း၊ အခြားစာချုပ်စာ တမ်းသော်လည်းကောင်းဖြစ်သည်ဆိုသော စာတမ်းအမှတ်အသားတစ်ခုသည် တစ်စုံတစ်ခုသော အချက်အတွက် သက်သေခံချက်အဖြစ် သက်သေခံဝင်သည်ဟုဥပဒေအရ ကြေညာထားသောစာတမ်းအမှတ်အသားဖြစ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ ဝန်ထမ်းတစ်ဦးဦးကနည်းလမ်းတကျ တာဝန်ခံထားသော စာတမ်းအမှတ်အသားဖြစ်ခြင်းတို့နှင့် ပြည့်စုံလျှင် တရားရုံးကယင်းကိုစစ်မှန်သည် ဟု မှတ်ယူရမည်။

သို့ရာတွင် ထိုကိစ္စနှင့်စပ်လျဉ်းသည့် အဓိကအားဖြင့် ဥပဒေတွင်ညွှန်ပြထားသည့် သဘောသက်ရောက် သောပုံစံဖြင့် ချုပ်ဆိုထား၍ ထိုသို့ညွှန်ပြထားသည့်နည်းလမ်းအရ ရေးသားချုပ်ဆိုထားသောစာတမ်း အမှတ်အသားဖြစ်ရမည်။

အဆိုပါ စာတမ်းအမှတ်အသားကိုလက်မှတ်ရေးထိုးသည် သို့မဟုတ် တာဝန်ခံသည်ဆိုသော ဝန်ထမ်း သည် ထိုစာတမ်းအမှတ်အသားကို လက်မှတ်ရေးထိုးသည့်အခါ ယင်းစာတမ်းအမှတ်အသားပေါ်တွင် ဖော်ပြထားသည့်ရာထူးတွင် လက်ရှိထမ်းဆောင်နေသည်ဟု တရားရုံးကမှတ်ယူရမည်။