လူတစ်ဦးတစ်ယောက်က အကြောင်းခြင်းရာတစ်ရပ်နှင့်စပ်လျဉ်း၍ သက်သေခံတင်ပြနိုင်ရန် အတွက် အခြားအကြောင်းခြင်းရာတစ်ရပ်ရပ်ကို သက်သေထင်ရှားဦးစွာတင်ပြရန် လိုအပ်သည်ဖြစ်လျှင် ထိုအခြားအကြောင်းခြင်းရာကို သက်သေထင်ရှားတင်ပြရန်တာဝန်သည် အဆိုပါသက်သေတင်ပြလိုသူ အပေါ်ကျရောက်သည်။
ဥပမာများ
(က) A က B ၏သေခါနီးစစ်ချက်ကိုသက်သေခံတင်ပြလိုပါသည်။ A သည် B သေဆုံးကြောင်းသက် သေထင်ရှားတင်ပြရမည်။
(ခ) A သည်ပျောက်ဆုံးသွားသောစာချုပ်စာတမ်းတစ်ခုတွင် ပါရှိသောအကြောင်းအရာများကို ဒုတိယ အဆင့်သက်သေခံချက်ဖြင့် သက်သေထင်ရှားတင်ပြလိုသည်။ A ကထိုစာချုပ်စာတမ်းပျောက်ဆုံး ကြောင်း သက်သေထင်ရှားတင်ပြရမည်။