ရာဇဝတ်တရားရုံးတစ်ရုံးရှေ့မှောက်တွင် စာတမ်းအမှတ်အသားတစ်စုံတစ်ရာကို၊ သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာကိုတင်ပြစေရန် ဆင့်ဆိုခြင်းခံရသည့် သက်သေတစ်ဦးတစ်ယောက် ကဖြစ်စေ၊ အခြားတစ်ဦးတစ်ယောက်ကဖြစ်စေ ၎င်းကို မေးမြန်းသည့်မေးခွန်းများကို ဖြေကြား ရန်ငြင်းပယ်လျှင်၊ သို့မဟုတ် ၎င်းလက်ဝယ်တွင်ရှိသော၊ သို့မဟုတ် ၎င်းကယူပေးနိုင်သည့်နေရာ တွင်ရှိသော စာတမ်းအမှတ်အသားတစ်စုံတစ်ရာ၊ သို့မဟုတ် အရာဝတ္တုတစ်စုံတစ်ရာကိုကင်ပြရန် တရားရုံးက ဆင့်ဆိုသည့်အတိုင်း တင်ပြရန်ငြင်းပယ်လျှင်၊ ထို့ပြင် ယင်းကဲ့သို့ ငြင်းပယ်ရခြင်း အတွက် လုံလောက်သည့် အကြောင်းမပြနိုင်လျှင် အဆိုပါတရားရုံးသည် အကြောင်းပြချက်များကို ရေးမှတ်လျက် ထိုသူအပေါ် အလုပ်မဲ့ ထောင်ဒဏ် ချမှတ်နိုင်သည်၊ သို့မဟုတ် ထိုသူက စစ်မေး ခြင်းခံယူပြီး ဖြေကြားရန်ဖြစ်စေ၊ စာတမ်းအမှတ်အသား၊ သို့မဟုတ် အရာဝတ္တုကိုတင်ပြရန် ဖြစ်စေ သဘောမတူသမျှ ၎င်းကို ခုနစ်ရက်ထက်မပိုသောကာလအတွင်း ချုပ်ထားစေရန် ရုံးထိုင် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားသူကြီးကိုယ်တိုင် လက်မှတ်ရေးထိုးသည့် ဝရမ်းဖြင့် တရားရုံးအရာရှိတစ်ဦးထံ လွှဲအပ်နိုင်သည်။ အကယ်၍ ထိုသူက ဆက်လက်၍ငြင်းပယ်ခြံ ငြင်းပယ် နေလျှင် ၎င်းကို ပုဒ်မ ၄၈ဝ၊ သို့မဟုတ် ပုဒ်မ ၄ဂ၂ ပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက် ရန်ဖြစ်သည်။ ထို့ပြင် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ရှေ့မှောက်၌ဖြစ်လျှင် ထိုသူသည် တရားရုံးကို မထီမဲ့မြင် ပြသည့်ပြစ်မှုကို ကျူးလွန်သည်ဟု မှတ်ယူရမည်။