ဂျရီနှင့် စစ်ဆေးသောအမှုများတွင် တရားသူကြီးက အမှုနှင့်ပတ်သက်၍ ဂျူရီအား ပြောကြားပြီးသောအခါ ၎င်းတို့၏ဆုံးဖြတ်ချက်ကို စဉ်းစားရန်အတွက် ဂျူရီကအနားယူ နိုင်သည်။
ဂျူရီလူကြီး တစ်ဦးတစ်ယောက်မှအပ အခြား မည်သူမျှ တရားရုံး၏ခွင့်ပြုချက်နှင့်မှ တစ်ပါးအဆိုပါ ဂျူရီအဖွဲ့ဝင် မည်သူ့ကိုမဆို စကားပြောခြင်း၊ သို့မဟုတ် အဆက်အသွယ် ပြုလုပ်ခြင်းမရှိစေရ။