ပုဒ်မ ၁၃၃
ပုဒ်မ ၁၃၃
အထက်အရာရှိတာဝန်ဝတ္တရားထမ်းဆောင်ရာတွင် ထိုအရာရှိအပေါ်၌ လက်ရောက်မှု ကျူးလွန်စေရန် တပ်မတော်သားက အားပေးကူညီခြင်း

မည်သူမဆို တပ်မတော်တွင် အမှုထမ်းရွက်သော တပ်မတော်သားတစ်ဦးဦးက (* * *) တာဝန် ဝတ္တရားထမ်းဆောင်နေသော အထက်အရာရှိကို လက်ရောက်မှု ကျူးလွန်ရန် အားပေးကူညီလျှင် ထိုအားပေးကူညီသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။



ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။