ပုဒ်မ ၂၇၇
ပုဒ်မ ၂၇၇
ဂျူရီလူကြီးများ၏ အမည်များကို ခေါ်ရခြင်း

(၁) ဂျူရီလူကြီးတစ်ဦးချင်းရွေးချယ်ရာတွင် ၎င်း၏အမည်ကို ကျယ်လောင်စွာ ခေါ်ရမည့်အပြင် ၎င်းရောက်ရှိလာပါက ထိုဂျူရီလူကြီးဖြင့် စစ်ဆေးစီရင်ခြင်းကို ကန့်ကွက်ရန်ရှိ မရှိ တရားခံအား မေးမြန်းရမည်။

ဂျူရီလူကြီးများကို ကန့်ကွက်ခြင်း။

(၂) အဆိုပါဂျူရီလူကြီးကို ကန့်ကွက်ကြောင်း တရားခံ၊ သို့မဟုတ် တရားလို ဘက်အမှုလိုက်အရာရှိမှ တင်ပြလာလျင် ကန့်ကွက်သည့်အကြောင်းပြချက်များကို ဖော်ပြစေရမည်။

အကြောင်းပြချက်များ မဖော်ပြဘဲ ကန့်ကွက်ခြင်း။

သို့ရာတွင် တရားလွှတ်တော်တွင် အစိုးရအတွက် ရှစ်ဦးအထိ လည်းကောင်း၊ တရားခံ၊ သို့မဟုတ် စွဲချက်တင်ထားခံရသည့် တရားခံအားလုံးအတွက် ရှစ်ဦးအထိလည်းကောင်း အကြောင်းပြချက်များ မဖော်ပြသည့် ကန့်ကွက်ချက်ကို လက်ခံနိုင်သည်။