အမှု၏သဘောမှာ မည်သည့်အကြောင်းနှင့် စွဲချက်တင်ကြောင်းကို တရားခံက ပုဒ်မ ၂၂၁ နှင့် ပုဒ်မ ၂ ၂ ၂ များတွင် ဖော်ပြထားသည့်အကြောင်းအရာများဖြင့် သိနိုင်ရန် မလုံလောက်သည့် အမှုမျိုးဖြစ်လျှင် ၎င်းပြစ်မှုကို မည်သည့်နည်းဖြင့် ကျုးလွန်ခဲ့ကြောင်းကိုလည်း တရားခံ သိသာနိုင်လောက်အောင် စွဲချက်တွင်ဖော်ပြပါရှိစေရမည်။
ဥပမာများ
( က ) A သည် မည်သည့်ပစ္စည်းကို မည်သည့်အချိန်၊ မည်သည့်နေရာ၌ ခိုးယူကြောင်း စွပ်စွဲထားခြင်းခံရသည်တွင် ၎င်းခိုးမှုကို မည်သည့်နည်းဖြင့် ကျုးလွန်ကြောင်းကို စွဲချက်တွင် ဖော်ပြရန်မလို၊
( ခ ) A သည် မည်သည့်အချိန် မည်သည့်နေရာ၌ . B ကို လိမ်လည် ကြောင်းနှင့် စွပ်စွဲခြင်းခံရသည်တွင်၊ A သည် B ကို မည်သည့် နည်းလမ်းဖြင့် လိမ်လည်ခဲ့ ကြောင်းကို စွဲချက်တွင် ဖော်ပြရမည်၊
( ဂ ) A သည် မည်သည့်အချိန် မည်သည့်နေရာ၌ မမှန်သက်သေခံချက် ပေးခဲ့သည်ဟု စွပ်စွဲခြင်းခံရသည်တွင်၊ A ၏ သက်သေခံချက်များအနက် မမှန်ဟု အဆိုရှိသည့် သက်သေခံချက် အစိတ်အပိုင်းကို စွဲချက်တွင် ဖော်ပြရမည်၊
(ဃ) ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သော B သည် မိမိ၏တာဝန်ဝတ္တရားများ ဆောင်ရွက်နေဆဲအတွင်း မည်သည့်အချိန် မည်သည့်နေရာ၌ ၎င်းအား Aက ဟန့်တား ကြောင်းဖြင့် A မှာ စွပ်စွဲခြင်းခံရသည်တွင် B ဆောင်ရွက်နေသည့် ဝတ္တရားများကို A သည် မည်သည့်နည်းလမ်းဖြင့် ဟန့်တားကြောင်း ထိုစွဲချက်တွင်ဖော်ပြရမည်၊
( င ) A သည် B ကို မည်သည့်အချိန် . မည်သည့်နေရာ၌ သတ်ခဲ့ကြောင်းနှင့် စွပ်စွဲခြင်းခံရသည်တွင်၊ A သည် B ကို မည်သည့် နည်းလမ်းဖြင့် သတ်ခဲ့ကြောင်းကို စွဲချက်တွင် ဖော်ပြရန်မလို၊
( စ ) A သည် B ပြစ်ဒဏ်ချမှတ်ခံရခြင်းမှ ကယ်တင်ရန်ကြံရွယ်ချက်ဖြင့် ဥပဒေပြဋ္ဌာန်းချက်များကို မလိုက်နာကြောင်းဖြင့် စပ်စွဲခြင်းခံရသည်တွင်၊ မည်သည့် အချက်ကို မလိုက်နာကြောင်းနှင့် မည်သည့်ဥပဒေအချက်ကို ချိုးဖောက်ကြောင်းများကို စွဲချက်တွင် ဖော်ပြရမည်။