တရားမ၊ သို့မဟုတ် အခွန်ရုံးက ဆိုခဲ့သည့်အတိုင်း လွှဲအပ်တင်ပို့သည့်အခါ လွှဲအပ်တင်ပို့ရန်အမိန့်၊ အမှုမှတ်တမ်းများနှင့်တကွ စွဲချက်ကို ခရိုင်ရာဇဝတ်တရားသူကြီးထံ ဖြစ်စေ၊ တရားခံကို စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ခွင့်အာဏာရ အခြား ရာဇဝတ်တရားသူကြီးထံဖြစ်စေ တင်ပို့ရမည်။ အဆိုပါရာဇဝတ်တရားသူကြီးသည် သက်ဆိုင်ရာရာ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင်တရားရုံးသို့ တရားလိုဘက်၊ တရားခံဘက် သက်သေများနှင့်တကွ အမှုကို တင်သွင်းရမည်။