ပုဒ်မ ၄၇၆-ခ
ပုဒ်မ ၄၇၆-ခ
အယူခံခြင်းများ

မိမိလျှောက်ထားသည့်အတိုင်း တရားမ၊အခွန်၊သို့မဟုတ် ပြစ်မှုဆိုင်ရာတရားရုံးက ပုဒ်မ ၄၇၆၊ သို့မဟုတ် ပုဒ်မ ၄၇၆က အရ တိုင်တန်းပေးရန် ငြင်းပယ်ခြင်းခံရသူအနေဖြင့် သော်လည်းကောင်း၊ တိုင်တန်းခြင်းခံရသူအနေဖြင့် သော်လည်းကောင်း ပုဒ်မ ၁၉၅၊ပုဒ်မခွဲ(၃)၏ အဓိပ္ပာယ်အရ အဆိုပါတရားရုံးတစ်ခုခုကို ကြီးကြပ်ကွပ်ကဲသည့် အထက်ဘရားရုံးသို့ အယူခံ ဝင်နိုင်သည်။ ထိုသို့အယူခံဝင်သည့်အခါ အထက်တရားရုံးသည် သက်ဆိုင်ရာ 'အမှုသည်များထံ အကြောင်းကြားပြီးနောက် တိုင်တန်းချက်ကို ရုပ်သိမ်းရန် ညွှန်ကြားနိုင်သည်၊ သို့မဟုတ် ပုဒ်မ ၄၇၆ အရ လက်အောက်ခံတရားရုံးက လုပ်ခဲ့သင့်သည့်အတိုင်း ထိုက်သင့်သလို ကိုယ်တိုင်တိုင် တန်းပေးနိုင်သည်။ ထိုကဲ့သို့ တိုင်တန်းလျှင် ထိုပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။