ပုုဒ်မ ၁၃
ပုုဒ်မ ၁၃
ပြည်ထောင်စုရှေ့နေချုပ်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုရှေ့နေချုပ်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဒုတိယရှေ့နေချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊

(ခ) တရားရုံးတွင် တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာအမှုတွင် အမှုတစ်ရပ်လုံးကိုဖြစ်စေ၊ စွဲချက်တစ်ရပ် ရပ်ကိုဖြစ်စေ၊ တရားခံတစ်ဦးဦးကိုဖြစ်စေ ရုပ်သိမ်းရန် လိုအပ်ပါက ဥပဒေနှင့်အညီဆောင်ရွက်ခြင်း၊

(ဂ) တရားစွဲဆိုတင်ပို့ခြင်း မပြုနိုင်သော ပြစ်မှုဆိုင်ရာအမှုများနှင့် စပ်လျဉ်း၍ ပိတ်သိမ်းရန် ဆုံးဖြတ် ခြင်း၊

(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တစ်ခုခုက ပြစ်မှုဆိုင်ရာအမှုတွင် အပြီးအ ပြတ်လွှတ်သည့်အမိန့်ကို အယူခံဝင်ရောက်သင့်သည်ဟု ယူဆပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ ဥပဒေနှင့်အညီ အယူခံမှုတင်သွင်းခြင်း၊

(င) ဥပဒေရေးရာနှင့်စပ်လျဉ်း၍ ကြည့်ရှုစိစစ်ရန် လိုအပ်ပါက သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အ စည်းများထံမှ လိုအပ်သည့်အမိန့်များ၊ ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များ၊ ဆောင်ရွက်ချက်များ၊ အမှု တွဲများနှင့် အခြားစာရွက်စာတမ်းများကို တောင်းယူခြင်း၊

(စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား လိုအပ်သလို လမ်းညွှန် ခြင်းနှင့်ကြီးကြပ်ခြင်း၊

(ဆ) အများပြည်သူဆိုင်ရာ လှူဒါန်းမှုနှင့်စပ်လျဉ်း၍ တရားစွဲဆိုနိုင်ရန် တရားမကျင့်ထုံးဥပဒေအရ ခွင့် ပြုမိန့်ထုတ်ပေးခြင်း။
 

(ဇ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ဝန်ကြီးဌာန၏ဥပဒေအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ အစီရင်ခံတင်ပြခြင်း၊

(ဈ)ဝန်ကြီးဌာန၏အကြံပြုချက်ရယူပြီးး ချုပ်ဆို၍ ပြန်လည်ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်းများနှင့် အခြားစာချုပ်စာတမ်းများ၏ မိတ္တူများကိုစိစစ်ပြီး လိုအပ်ပါက ဥပဒေအကြံပြုချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ အစီရင်ခံတင်ပြခြင်း။