ပုဒ်မ ၄၈၄
ပုဒ်မ ၄၈၄
ဝန်ချတောင်းပန်သော ပြစ်မှုကျူးလွန်သူကို လွှတ်ခြင်း

တစ်စုံတစ်ရာကိုပြုလုပ်ရန် ဥပဒေအရ ဆင့်ဆိုခြင်းခံရသူက ငြင်းပယ်သည့်အတွက်၊ သို့မဟုတ် ပျက်ကွက်သည့်အတွက်ဖြစ်စေ၊ တရားရုံးကို တမင်ကြံရွယ်ပြီး စော်ကားခြင်းပြုသည့် အတွက်၊ သို့မဟုတ်နှောင့်ယှက်သည့်အတွက်ဖြစ်စေ ၎င်းပြစ်မှုကျုးလွန်သူကိုမည်သည့်တရားရုံးက မဆို ပုဒ်မ ၄၈ဝ၊ သို့မဟုတ် ၄၈၂ အရ စီရင်ဆုံးဖြတ်သည့်အခါ၊ သို့မဟုတ် ၎င်းအား စစ်ဆေးစီရင်ရန်အတွက် ရာဇဝတ်တရားသူကြီးတစ်ဦးထံ တင်ပို့သည့်အခါ ၎င်းတရားရုံး၏ ဆင့်ဆိုချက်အတိုင်းလိုက်နာ၍ ဝန်ခံလျှင်၊ သို့မဟုတ် တရားရုံးကျေနပ်လောက်အောင် ဝန်ချတောင်းပန်လျှင် အဆိုပါတရားရုံးသည် မိမိသဘောအတိုင်း ထိုသူကို လွှတ်နိုင်သည်၊ သို့မဟုတ် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုနိုင်သည်။