ပုဒ်မ ၄၆
ပုဒ်မ ၄၆
ပညတ်မိန့်များ
  • (၁) တရားနိုင်က လျှောက်ထားသောအခါ ဒီကရီချမှတ်သည့် တရားရုံးသည် သင့်သည် ထင်မြင်ပါက ယင်းဒီကရီကို အတည်ပြုခွင့်ရှိသော အခြားတရားရုံးသို့ ပညတ်မိန့် (precept) ထုတ်ပေး၍ သီးခြားဖော်ပြထားသည့် တရားရှုံးပိုင် ပစ္စည်းကို ဝရမ်းကပ်စေနိုင်ပါသည်။ 
  • (၂) ပညတ်မိန့် ရရှိသည့် တရားရုံးသည် ပစ္စည်းဝရမ်းကပ်ခြင်းဆိုင်ရာ နည်းလမ်းအတိုင်း ဝရမ်းကပ်ရမည်။ သို့သော် ဒီကရီချမှတ်သည့် တရားရုံးက ကာလတိုးပေးခြင်း မရှိလျှင်သော်လည်းကောင်း၊ ဒီကရီကို ထိုတရားရုံးသို့ လွှဲပြောင်းပေးပို့ခြင်း မရှိသေးလျှင်သော်လည်းကောင်း ပညတ်မိန့်အရ ဝရမ်းကပ်ခြင်းသည် နှစ်လ  ထက် ပို၍ ဆက်လက် မတည်စေရ။

မှတ်စု။ Percept” ကို “  ပညတ်သည့်အမိန့်” ဟု အင်္ဂလိပ်-မြန်မာအဘိဓာန်က ပြန်ဆိုထာသည်။ “ Instruction or written order “ ဟု အဓိပ္ပာယ်ရသည်။ ဝရမ်းကို စွဲကပ်ပေးရန်အမိန်ကို ပေးပို့ခြင်းပို့၍ ဝရမ်းစွဲကပ်ပေးရန် အခြားတရားရုံးတစ်ရုံးသို့ ထို့သို့ ဆောင်ရွက်ပေးရန် ထုတ်ပြန်ထားသည့် အမိန့်ကို ဆိုလိုခြင်းဖြစ်သည်။ (ဦးကျော်အေး၊ တရားမကျင့်ထုံးဥပဒေ၊ ပထမတွဲ ၊စာ-၄၆)